Universal Clip-type LED cellphone microscope 60X
-Clip Type ဖြစ်သောကြောင့် မည်သည့်ဖုန်း ဟန်းဆက်နှင့်မဆို အလွယ်တကူတပ်ဆင် အသုံးပြု နိုင်ပါသည်။ ဖုန်းဟန်းဆက်၏ မှန်သားကို မထိခိုက်စေရန် ချောမွေ့သော ရော်ဘာ+ကတ္တီပါသားဖြင့် cover လုပ်ပေး ထားပါသည်။
Description
-
အဖိုးတန် ကျောက်မျက်ရတနာများ၊ ငွေစက္ကူများ၊ လက်ဗွေရာများ၊ ရှေးဟောင်းပစ္စည်းများ၊ ငွေဒင်္ဂါး၊ တံဆိပ်ခေါင်း၊ ဆေးဝါး၊ ပုံနှိပ်ပိုးဘောင်များ၊ မြေပုံညွှန်းများ၊ သက်သေခံလက်မှတ်များ၊ လိုင်စင်နှင့် မြေဂရန်များ၊ အင်းဆက်ပိုးမွှားများ၊ အနုပညာလက်ရာများ၊ အနုစိပ် ကမ္ဘာကျော် ပန်းချီကားများ၊ အနာ/ဝက်ခြံများ၊ ဆားကစ် ပြားများ၊ IC များ စသည့် သေးမွှား၍ သာမန်လူ့မျက်စိဖြင့် မမြင်ရနိုင်သော အနုစိပ် ကြည့်ရှုရမည့်အရာများကို မူလအမြင်ထက် အဆ၆၀ ပိုချဲ့ပေးနိုင်ပါသည်။
- တစ်သောင်းကျပ်တန်၊ ငါးထောင်ကျပ်တန် ငွေစက္ကူ (အစစ်) တွင် ပါဝင်သော လျှို့ဝှက်စာလုံးများ၊ ရေစာများ ကို ဖောင်းကြွအနေဖြင့် စိတ်ဝင်စားစရာ မြင်တွေ့ရပြီး အတုတွင် လုံးဝ မမြင်ပဲ ပုံနှိပ်ချက်များမှာလည်း ဖောင်းကြွ ရုပ်ကြွ မဟုတ်သည်ကို ပုံနှင့်တကွ နှိုင်းယှဉ်ဖော်ပြထား ပါသည်။
- အင်းဆက် ပိုးမွှားများကို အနုစိပ် မှတ်တမ်းတင် နိုင်ပြီး ကျောက်မျက်ရတနာများ၏ အပြစ်အနာအဆာ တို့ကို လည်း အသေးစိတ် ကြည့်ရှု မှတ်တမ်းတင်ထား နိုင်ပါသည်။
- အနီးကပ် ချ့ဲကြည့်ရခြင်း ဖြစ်သောကြောင့် (၁) သာမန်ပစ္စည်းများ ကြည့်ရှုရန် အဖြူရောင် LED ၂ပွင့်မီး၊ (၂) လျှို့ဝှက်စာသားများနှင့် သေးငယ်သော ပိုးမွှားများကို ကြည့်ရှုရန် UV ခရမ်းရောင် LED ၁ပွင့်မီး တို့ပါရှိပြီး လိုအပ်သည့် မီးအလင်းဖြင့် ကြည့်ရှု စစ်ဆေးနိုင်ပါသည်။
- ကျောက်မျက်ကုန်သည်များ၊ ရှေးဟောင်းပစ္စည်း စုဆောင်းသူများ၊ မှုခင်းတပ်ဖွဲ့များ အတွက် အထူးသင့်လျော်ပြီး ခရီးဆောင်၊ သွားလေရာ ယူသွားနိုင်ရန် သားရေအိတ်လေးပါ ထည့်ပေးထားပါသည်။

