Digital Scale
- ရွှေရတနာ စိန်ပွင့်သေးသေးလေးတေကို ချိန်တွယ်ဖို့ အတွက်လိုအပ်သော ချိန်တွယ်စက် digital scale လေးနဲ့မိတ်ဆက်ပေးပါရစေ။
Store Locator
Description
- ရှေးယခင်ကလို စိန်ရွှေရတနာ သွားဝယ်တဲ့အခါ ရွှေချိန်ခွင်နဲ့ အလေးတွေ ရွေးတွေ ယူသွားပြီး လေမတိုက် ခုံမလှုပ်တဲ့နေရာမှာ စိန်ပြေနပြေ ချိန်ရတဲ့ခေတ်မဟုတ်တော့ပါဘူး။
- စမတ်ကဒ်ဆိုက်လောက်သာရှိတဲ့ ဒစ်ဂျစ်တယ်ချိန်ခွင်တွေ ရှိနေပါပြီ။ အိတ်ထောင်ထဲ ထည့်သွားပြီး ၅စက္ကန့်အတွင်း အတိအကျချိန်တွယ်နိုင်ပါတယ်။Unit ၅မျိုး g,oz,tl,ct,gn ချိန်တွယ် အသုံးပြုနိုင်ပါတယ်။
- ရတနာအပွင့်သေး အလုံးရေများများကို လွင့်စင်မထွက်အောင် ချင်ခွက်လေးထဲထည့်ပြီး ချိန်တွယ်နိုင်ပါတယ်။
- ခွက်တင်ပြီး T ကိုနှိပ်ပါက 0.00 ဖြစ်သွားသဖြင့် ခွက်မပါ ရတနာအလေးချိန်သီးသန့်ကို တိုက်ရိုက် ချိန်တွယ်နိုင်ပါတယ်။
- အသေးဆုံး 0.01 ဂရမ်မှ အကြီးဆုံး 500 ဂရမ်အထိ တိကျစွာချိန်တွယ်နိုင်ပါတယ်။ အသေးအမွှားလေးကစပြီး ချိန်လို့ရတာမို့ အထိုင်ငြိမ်ငြိမ်ပေါ် တင်ထားပြီးမှချိန်တွယ်ဖို့တော့ လိုပါလိမ့်မယ်။
- ဈေးကွက်ထဲ ပုံစံတူ ဒီထက်ဈေးနည်းတာမျိုး ရှိကောင်းရှိနိုင်ပါလိမ့်မယ်။ သို့သော် အသေးဆုံး အမှုန်အမွှား 0.01g မှစပြီး ၁ကီလိုဂရမ်ရဲ့တဝက် 500g အထိ ချိန်လို့ရနိုင်တာမျိုး ဟုတ်မဟုတ်ကိုတော့ နှိုင်းယှဉ်ကြည့်စေလိုပါတယ်။
- AA ဓါတ်ခဲ၂လုံး ထည့်သုံးရပြီး ဓါတ်ခဲအားနည်းသွားရင် အလေးချိန်မမှန်နိုင်တာမို့ Low Battery Remind အချက်ပြစနစ်ပါပါတယ်။ အားနည်းကြောင်း အချက်ပြရင် ဖြုတ်လဲဖို့ လိုပါလိမ့်မယ်။
Data sheet
Store Info
| Address | : |
No (003) , 14/1 Quarter , 11 Street , South Okklapar Township ,
52, Yangon Division 11091
မြန်မာနိုင်ငံ
|
|||||||||||||||||||||
| Store Timing | : | Today :
8:00 am - 8:00 pm
expand_more
|
|||||||||||||||||||||
| : | [email protected] | ||||||||||||||||||||||
| Contact Details | : | 09965415894 |

