Compass
- ရှေးခေတ် ဗာစကိုဒဂါးမားတို့လက်ထက်မတိုင်မီတည်းက အရပ်မျက်နှာသိဖို့ သုံးစွဲခဲ့ကြတဲ့ သံလိုက်အိမ်မြောင် ယခုချိန်ထိ သုံးနေရဆဲဖြစ်ပါတယ်...
Store Locator
Description
- စစ်တပ်တွေ စစ်ချီရာမှာ မပါမဖြစ်တဲ့ပစ္စည်း။ပင်လည် သမုဒ္ဒရာ ဖြတ် သင်္ဘောတွေရဲ့ ခေတ်မီ ရေကြောင်းပြ ပစ္စည်းတွေ ဘယ်လောက်ပဲ တိုးတက်ကောင်းမွန်လာလာ ယနေ့ထိ မရှိမဖြစ်မပါမနေရ လို့ SOLAS က သက်မှတ်ခံရတဲ့ ရေကြောင်းပစ္စည်း။တောထဲတောင်ထဲ စွန့်စွန့်စားစား ခရီးသွားမလား ရေခဲတောင်ပေါ်တက်မလားအပျော်တန်း လှေလှော် ရွက်တိုက်ထွက်မလား ဒါလေးတော့ဆောင်ထား။လေကြောင်း ရေကြောင်းနဲ့ ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေ အမြတ်တနိုး ဆောင်ထားကြတဲ့ အသက်ကယ်ပစ္စည်းတစ်ခုဖြစ်လို့ အလုပ်နားသွားခဲ့ရင်တောင် ဧည့်ခန်းမှာ စာရေးစားပွဲမှာ ဂုဏ်ယူဝံ့ကြွားစွာ ထားတတ်ကြပါတယ်။
- မိတ်ဆွေ အပေါင်းအသင်းတွေ ကို အမှတ်တရ လက်ဆောင်ပေးလည်း တင့်တယ်ပါတယ်။
- ရာသီဥတုဒဏ် ခံနိုင်မယ်သံချေးဘာညာမတက်ဘူး။ကြာရှည် သုံးစွဲနိုင်အောင် သတ္ထုအကောင်းစားတမျိုးနဲ့ ပြုလုပ်ထားပါတယ်။
- ညဘက် ကြည့်လို့ရအောင် အဏုမြူ လည်းထည့်ထားပါတယ်။ခိုင်ခံ့တဲ့ ပတ္တာဖုံးနဲ့ ရှေးခေတ် အိတ်ဆောင်နာရီဒီဇိုင်းမျိုးချိတ်ဆွဲလို့ရအောင် ခိုင်ခံ့တဲ့ကွင်း အထဲမှာ စပယ်ရှယ် အရည်တမျိုး ထည့်ထားပြီး ရေခဲမှတ် မိုင်းနပ်အောက် ရောက်ရင်တောင် အထဲက အရည်က ခဲသွား ခြင်းမျိုး မဖြစ်စေပါဘူး။ ဒါ့ကြောင့် ရေခဲတောင်တက်သူတွေလည်း မပါမဖြစ် သုံးကြပါတယ်။
- သာမန် သံလိုက်စနစ် အရပ်မျက်နှာပြအိမ်မြောင်တွေက ကမ္ဘာပေါ်မှာ နေရာဒေသ ၉၅%လောက်ပဲ မှန်နိုင်ပါတယ်။ ၅%လောက်က သံလိုက်တောင်တွေ ကမ္ဘာ့ဆွဲအားကမောက်ကမဖြစ်တတ်တဲ့နေရာတွေ သံလိုက်လှိုင်းထွက်တဲ့နေရာတွေ ဘယ်လိုမှ အမှန်မပြနိုင်ပါ။
- တိုက်တန်းနစ်လို ဘီလျံချီတန်တဲ့ သင်္ဘောမျိုးက ဒီလိုနေရာမျိုးရောက်သွားခဲ့ရင် တိတိကျကျဒီဂရီလေးတစိတ်ကအစ သိရဖို့ သံလိုက်အိမ်မြောင်အကောင်းစား တန်ဖိုးကြီးကြီးကို သုံးကြပါတယ်။
- (တိုက်တန်းနစ်ထိ လှမ်းမကြည့်နဲ့အုံးဗျ။ မြန်မာပြည်မှာတောင် သိန်း၂၀လောက်တန်တဲ့ သံလိုက်အိမ်မြောင်တပ်ထားတဲ့သင်္ဘော အစီး၂၀အထက် ရှိပါတယ်။)
- သူက သံလိုက်စနစ်အပြင် ဂြိုဟ်တုစနစ်နဲ့ပါ ချိတ်ဆက်ထားလို့ ဘယ်လိုမှ မမှားနိုင်ပါဘူးတဲ့လေ။
Data sheet
Store Info
| Address | : |
No (003) , 14/1 Quarter , 11 Street , South Okklapar Township ,
52, Yangon Division 11091
မြန်မာနိုင်ငံ
|
|||||||||||||||||||||
| Store Timing | : | Today :
8:00 am - 8:00 pm
expand_more
|
|||||||||||||||||||||
| : | [email protected] | ||||||||||||||||||||||
| Contact Details | : | 09965415894 |

